မင်းကိုမြင်ဖို့ အလင်းလိုမယ်ဆိုလည်း တပါတည်းယူဆောင်လာခဲ့ပါ
ပြတင်းဘောင်က ပျံတက်သွားတဲ့စာကလေးဌက်ကို မညှိညင်ပါနဲ့ကွယ်
သူလည်း သူ့ဆန္ဒနဲ့သူပေါ့
ခေါင်းမိုးပေါ်ကျနေတဲ့မိုးစက်မိုးပေါက်သံတွေက မင်းအတွက်အနှောင့်အယှက်ဖြစ်မယ်
ဆိုလည်း တဆိတ်သည်းခံပေးပါ
ဒါက သဘာဝသက်သက်မလား
မင်းရောက်လာပြီဆိုတာဘယ်လိုသိနိုင်မလဲမတွေးတတ်တော့ဘူး။
စိတ်မရှိပါနဲ့နော်...အိမ်ထဲကို မိုးနည်းနည်းပက်ထားတယ်။
မင်းဝင်နိုင်အောင် တံခါးအားလုံးဖွင့်ထားမိလို့လေ
အိမ်ရှေ့က ပိတောက်ပင်ကြီးပွင့်နေပုံက မင်းအတွက် မျက်စိပသာဒရှိမယ်လို့
မျှော်လင့်ရတာပဲ
မင်းဆီက တစုံတရာ ပါလာဖို့၊ တစုံတရာရယူဖို့ မရယ်ရွယ်ထားပါဘူးကွယ်
ဒီအတွက်တော့မပူပန်စေလိုဘူး။
သို့ပေမဲ့..........တစ်ခုတော့ သိထားစေလိုတယ်
မရယ်ရွယ်ဘဲလည်း
ကံတရားက သိပ်နုံချာတတ်တယ်မလား။ ။
21.6.2007 (thu)
12:00 PM