Thursday, January 19, 2017

`​မေတ္တာသင်းကွဲ´

`​မေတ္တာသင်းကွဲ´
ကံကြမ္မာ ကိုးရိုးမယ်​ဖွဲ့ပြီး ဇတ်​နာပြရင်​​တောင်​မှ မကပဲ​နေလို့ရတဲဇတ်​လမ်းမဟုတ်​. . .
တသက်​လုံး​ပျော်​ချင်​လို့ အပင်​ပျိုးခဲ့တာ ​မေတ္တာတရား​တွေ သွန်း​လောင်း. . .
ဖုထစ်​ထုဆစ်​လို့ ရမလား၊ မရမလားမသိတဲ့အနာဂတ်ကို
ရုပ်​လုံး​ပေါ်​အောင်​ကြိုးစားမှု. . .
ခပ်​လှမ်းလှမ်းကပဲ အရိပ်​ကြည့်​၊ ​စောင့်​ကြည့်​​နေရ​. . .

PS: This poem is written by Ko Htoo.
Here is his profile : https://plus.google.com/u/0/111898045001432258105

Wednesday, January 11, 2017

စိတ်ခေါ်စာ

"စိတ်ခေါ်စာ"

မဆုံဖြစ်ကြတဲ့ အကြည့်တချက်စီတိုင်း မှာ
မင်းမမြင်လိုက်ရတဲ့ငါ့စိတ် အစိုင်အခဲ

ဖုန်းတွေမှာတင်ကြိုးမဲ့လာတာမဟုတ်
ငါတို့ အလွမ်းတွေသီဖို့ ကြိုးမဲ့နေတယ်

မင်းနဲ့ငါကြား ဆက်ဆံရေးဟာ အာရုံငါးပါးလုံး
ဆက်သွယ်မှု့ ဧရိယာပြင်ပရောက်လို့နေလည်း

မင်းဆီပို့လွှတ်လိုက်တဲ့ ငါ့မေတ္တာလှိုင်းဟာ
လေထဲမှာတင် ပျောက်သွားတာမဟုတ်ဘူး လို့
ငါယုံတယ်။   ။

— မိုးသံစဉ် —

ဒီဇင်ဘာ ၁၅၊၂၀၁၆
12:25pm

အရိပ်

"အရိပ်"
ဖြစ်နိုင်ရင် လူတိုင်းကို စိတ်ချမ်းသာစေချင်မိ
ဒါပေမယ့် လို့
နာကျင်မှု့တွေသာ မရှိခဲ့ပြန်ရင်
သစ်ရွက်ဖူးလေးတွေလည်း ဘယ်တော့မှကြီးရင့်တော့မှာမဟုတ်

ငါဟာ နေရောင်ထိုးထားတဲ့ အိမ်ရှေ့က မယ်ဇလီပင်လို
အပြည့်အဝ အရိပ်ပေးလိုသော်လည်းလေ
တချို့ နေရာလေးတွေမှာတော့
နေပျောက်အကွက်အလပ် လေးတွေရှိပေမပေါ့

တခုခုလိုအပ်နေမှု့ရဲ့အရေးကြီးပုံကို
တခုခုလိုအပ်နေသူတွေသာ နားလည်နိုင်သလို
ထီးကိုင်ထားတဲ့လက်ဟာ အပူဆုံးဆိုတာကို
အရိပ်ကျတဲ့ဘက်ကသူတွေ
နားမလည်နိုင်တာကို ငါ နားလည်တယ်

အခုချိန် တစုံတရာ ဆန္ဒပြုပါဆို
ကြုံရဆုံရ ဒီအခိုက်အတန့်လေးမှာ
ဒီအရိပ်အောက် ရောက်လာသူတိုင်း
ခေတ္တခဏလေးဖြစ်ဖြစ်
ငြိမ်းချမ်းစေချင်မိ ။   ။

— မိုးသံစဉ် —
Jan 2, 2017
10:52 am