"ကူး"
မျှော်လင့်ရင်းစီးဆင်း
စီးဆင်းရင်းခုံမင်
စိတ်နဲ့ဝေးရာစိတ်ကလွင့်ပါ
ပင်လယ်နဲ့ကောင်းကင်
တောင်တန်းနဲ့ကမ်းခြေ
မီးအိမ်
အလင်း
အနွေးဓတ်
ဒါပေမဲ့လို့
ဒါပေမဲ့....
တသားထဲမဖြစ်
မီးအိမ်နဲ့တသားတည်းမဖြစ်နိုင်
စကားပြောလေသံကောက်နုတ်ချက်-
( မင်းကမီးအိမ်နဲ့တူတယ်
အလင်းနဲ့အနွေးဓာတ်တွေတော့ရနေပါရဲ့ ။ဒါပေမဲ့
မင်းနဲ့တသားတည်းဖြစ်လို့မရဘူး )
အဝေးကြီးပြေးမနေစေချင်
နီးနီးနားနား ၊ နားနားနေနေ
ဝေးချင်ရင်အရင်ပြော
ဒီကပဲ စွန့်ခွာသွားမယ်
ဒါနဲ့ဘယ်တော့လောက်လဲ
ဘယ်တော့မှမဟုတ်ဘူးလား
အဲ့ဒါ
တခါတလေ
မကြာခဏ
ဘယ်တုန်းကမှ
အာရုံခြောက်ပါးမှာအာရုံခြောက်ပါလုံးနဲ့
ဒါနဲ့ဘယ်နေရာမှာလဲ
လမ်းဘေးမှာကံ့ကော်ပင်ရိပ်တွေထိုးကျနေတဲ့အုတ်ခုံသေးသေး
တက္ကသိုလ်ရိပ်သာလမ်း
ကော်ဖီဆိုင်
အမှတ်သင်္ညာထဲရှိတဲ့တစ်နေရာရာ
စိတ်ကစိတ်ကို
စိတ်ချင်းကူးစက်
( သင်္ကတပြယုဒ်ကောက်နှုတ်ချက်-
အကြိမ်ကြိမ်သေဆုံးနေသူ
သေဆုံးခွင့်ရသူ
သေဆုံးချင်သူ )
ဒီနေရာမှာရပ်မနေခဲ့ဖို့မပြောမီကပင်
ဒီနေရာမှာ အရိပ်ဖြာ ၊ အခက်ဝေ
မီးနွယ်ကိုမီးလောင်း
မီးနွယ်ခက်တွေဝေ
လေညှင်းလေး ဖြည်းဖြည်းသွယ့်သွယ့်တိုက်သည်။
ဘာတွေသယ်ဆောင်လာလဲ
မျှော်လင့်ပြီးဒီပြတင်းကိုဖွင့်ခဲ့သည်လား
အခက်ဖြာနေသောမီနွယ်ပင်မှအပူလှိုင်းများ
အပူလှိုင်းများစိမ့်ဝင်လာပြီ
ပန်းရနံ့
အပူလှိုင်း
မှိုင်းပြာပြာကောင်းကင်တစွန်းတစ
မကြာခဏ ဆိုသလိုလို
ကြာကြာ ခဏခဏ
တားချိန်မရလိုက် ။ ။
1.2.2007 (wed)
01:10 am
Friday, December 17, 2010
Friday, December 10, 2010
ဒေါသထွက်နေသူများမဖတ်ရ
အခုစကားလာမပြောနဲ
ရင်ထဲမှာကြမ်းနေတယ်
လူမမြင်ဖူးတာတွေ
ကျွန်တော့်ဒေါသထွက်နေလို့
တဆိတ်ခပ်ဝေးဝေးနေပေးပါ
ဒီမှာဘာမှမရှိဘူး
အခုမှအစဆိုတော့
ဟိုကလည်းစရ ဒီကလည်းစရ
ကျွန်တော်လည်း ခပ်မြန်မြန်ရွေ့ချင်တာပေါ့
ဒီနားသောင်တင်နေတာ
အဲ့ဒါမျောနေတာလို့ ပြောသူကပြောလို့
ဘာဖြစ်ဖြစ်
ဒါ
စကားလုံးမတွေ့လို့ မပြီးမြောက်သေးတဲ့
ကဗျာလို့များ
ကျွန်တော်ပြောခဲ့ဖူးသလား
ကျိုးကြေနေတဲ့ဘဝတွေကလာတာပါဗျာ
ကြီးကြီးကျယ်ကျယ်တွေနဲ့ လူအထင်ကြီးအောင်
ရွံလို့အော့နေပါပြီ
ကိုယ့်အသံကိုယ်ပြန်ကြားရင်
လျှာကိုကိုက်ဖြတ်ပစ်ချင်တယ်
သဘောပြောပါတယ်
ဒီကဗျာမဆုံးသရွေ့
ခင်ဗျားလည်း
ဟိုရောက် ဒီရောက်ပဲ
လဲနေသူထူပေးပါ
ထူပြီးရင်တော့
ခြေထောက်တွေရိုက်ချိုးမထားခဲ့နဲ့ပေါ့
ကောက်ရိုးပုံသာမရှိတယ်
ဒီနားမှာခွေးလေခွေးလွင့်တော့
တော်တော်များ
ခင်ဗျားလဲကြည့်ကြတ်သွား
ပြောခဲ့ပါပြီကော
ဒေါသထွက်နေပါတယ်လို့
ဆက်ရေးရင်
ခင်ဗျားအားလုံးမြင်သွားမယ်
ကျွန်တော်ကလူလည်ဆိုတော့ကာ
ကိုယ့်ဒေါသတော့အပြင်သိပ်မထုတ်ချင်လှဘူးဗျ
ဒီလိုဆို
အောင့်အီးပြီး
ဒီကဗျာကို ဒီမှာပဲဆုံးမယ်
ကျေးဇူးပါဗျာ ။ ။
Dec 3.2010 ( fri )
10:35 pm
ရင်ထဲမှာကြမ်းနေတယ်
လူမမြင်ဖူးတာတွေ
ကျွန်တော့်ဒေါသထွက်နေလို့
တဆိတ်ခပ်ဝေးဝေးနေပေးပါ
ဒီမှာဘာမှမရှိဘူး
အခုမှအစဆိုတော့
ဟိုကလည်းစရ ဒီကလည်းစရ
ကျွန်တော်လည်း ခပ်မြန်မြန်ရွေ့ချင်တာပေါ့
ဒီနားသောင်တင်နေတာ
အဲ့ဒါမျောနေတာလို့ ပြောသူကပြောလို့
ဘာဖြစ်ဖြစ်
ဒါ
စကားလုံးမတွေ့လို့ မပြီးမြောက်သေးတဲ့
ကဗျာလို့များ
ကျွန်တော်ပြောခဲ့ဖူးသလား
ကျိုးကြေနေတဲ့ဘဝတွေကလာတာပါဗျာ
ကြီးကြီးကျယ်ကျယ်တွေနဲ့ လူအထင်ကြီးအောင်
ရွံလို့အော့နေပါပြီ
ကိုယ့်အသံကိုယ်ပြန်ကြားရင်
လျှာကိုကိုက်ဖြတ်ပစ်ချင်တယ်
သဘောပြောပါတယ်
ဒီကဗျာမဆုံးသရွေ့
ခင်ဗျားလည်း
ဟိုရောက် ဒီရောက်ပဲ
လဲနေသူထူပေးပါ
ထူပြီးရင်တော့
ခြေထောက်တွေရိုက်ချိုးမထားခဲ့နဲ့ပေါ့
ကောက်ရိုးပုံသာမရှိတယ်
ဒီနားမှာခွေးလေခွေးလွင့်တော့
တော်တော်များ
ခင်ဗျားလဲကြည့်ကြတ်သွား
ပြောခဲ့ပါပြီကော
ဒေါသထွက်နေပါတယ်လို့
ဆက်ရေးရင်
ခင်ဗျားအားလုံးမြင်သွားမယ်
ကျွန်တော်ကလူလည်ဆိုတော့ကာ
ကိုယ့်ဒေါသတော့အပြင်သိပ်မထုတ်ချင်လှဘူးဗျ
ဒီလိုဆို
အောင့်အီးပြီး
ဒီကဗျာကို ဒီမှာပဲဆုံးမယ်
ကျေးဇူးပါဗျာ ။ ။
Dec 3.2010 ( fri )
10:35 pm
Friday, November 26, 2010
“ဘာသာပြန်ဆိုမိသောအသံလှိုင်းတို ၊ လှိုင်းရှည်များအကြောင်း တစ်ခွန်းတစ်လေ“
ဘာတွေလဲ
ဘာတွေပါဟု ပုံဖော်ရန် ဆီလျော်သော အဓိပ္ပါယ်တစ်ခုဆောင်သည့် စကားလုံး တစ်ချို့ကို ရွေးချယ်ရင်းပင်
ပယ်ချ နေရ ပြန်သည်။ စကားလုံးများက ဧရိယာနက်ရှိုင်းကျယ်ပြန့်လွန်းသည်။ ကြားနာသူ၏ သာသာစကား
ကိုလည်း တတ်ကျွမ်းရန်လိုအပ်၍ နေသည်။ မနက်ခင်းသည်မှောင်မိုက်သွားသည်။ အကျည်းတန်သွားသော
မနက်ခင်းအတွက်အလင်းပြန်ရှာပေးရန် မိတ်ဆွေများဟု သူတို့ကိုယ်သူတို့ ထင်နေဟန် ပိုင်ပိုင်နိုင်နိုင်( ပိုင်စိုးပိုင်နင်း)
ရှိလွန်းသည်။ မနက်ခင်းတွင် အလင်းလိုအပ်သည်ဟု သူတို့ထင်နေသလား မပြောတတ်။ သို့မဟုတ် ပါကလည်း
အခြားရည်ရွယ်ချက်တစ်ခု ကြောင့်ရှာနေသည်လည်းဖြစ်နိုင်သည်။ သိုမဟုတ်ပါကလည်း မနက်ခင်းတွင် အလင်း
ရှိရမည်မှာ လောက အမှန်တရားတစ်ခု ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများသကဲ့သို့ မဖြစ်နိုင်ချေလည်း များသည်။ မသေချာ
ဘာတွေလဲ... ဘာတွေလဲဆိုသော အမေးကို ရှောင်ရပြန်သည်။ ဘာတွေမှန်းမသိဘူးဟု ဖြစ်နိုင်လျှင် အလွန်ပေါ့ပါး
သွားနိုင်သည်။ ဘာတွေ မှန်းမသိဘူးဟု မျက်နှာ တွင် အပြုံးတစ်ခု တက်လာတော့ အနီးဆုံး လူက “ဘာလို့ ပြုံးတာလဲ“
တဲ့ “သွားပြီ၏“ ဟုတ် အဓိပ္ပါယ်ဆောင်သည့် အကြည့်တစ်ခု သူထံပို့ဖြစ်သည်။ “သစ်ပင်တွေပဲကောင်းတယ်“ ဆိုသော
ကဗျာစာသားကို အသေအချ သဘောပေါက်သွားရသည်။
ညနေက သူငယ်ချင်း တစ်ယောက်နဲ့ အတူရှိနေသည်။ သူနှင့်အတူရှိနေခြင်းသည် အရေးမကြီး။ အရေးကြီးသော
အပိုင်းကိုပြောရန်အစ ပျိုးရခြင်းဖြစ်သည်။ တစ်ခါ တစ်ရံ အစဉ်အလာ များနှင် ကြောင်းကျိုးညီညွတ်ပြရသည်မှာ ကိုယ့်စိတ်ကို
တော်တော်ရှည်ရှည် ဆွဲဆန့် ထားရသည်။ အရေးကြီးသည်က အနီးဆုံး ဧရိယာသို့ ရောက်နေခြင်းပင်ဖြစ်သည်။ သို့ရာတွင်
အခုတော့ အရေးမကြီးတော့ ။ အရာတိုင်းအချိန်တိုင်းအတွက် အရေးကြီးနေပါက ဘာများဖြစ်လာနိုင်သနည်း။
“ငါသူ့ကို တွေ့ချင်လိုက်တာ“ သူငယ်ချင်းကို ပြောမိတော့ သူက “နင့်သူ့ကို လွမ်းနေတာလား“ တဲ့
သူ့အမေးကို ဖြေရန် နားထဲတွင် သူ့အသံကို ပဲ့တင်ထပ်ကြည့်ရသည်။
လွမ်းနေတာလား...... လွမ်းနေတာလား ... လွမ်းနေတာလား
“အင်း အဲ့လိုပြောလည်းရတယ် နည်းနည်းတော့ လွန်မှာပေါ့“ ဟုပြောတော့ သူက အောင်နိုင်သူ တစ်ယောက်၏ အပြုံးကို
သူ့မျက်နှာပေါ်တင်ပြီး
“ငါပြောသားပဲ နင်သူ့ကို မသိစိတ်ထဲက ချစ်နေပြီလို့ နင်မှ လက်မခဲ့ဘဲ“ ကာယကံ ရှင်ထက်သေချာနေသော
သူငယ်ချင်း ကို အားနာနာဖြင့်ပင် “ သွားပြီ“ ဟူသော အဓိပ္ပါယ်ဆောင်သည့် အကြည့်တစ်ခု သူထံပို့ဖြစ်ပြန်သည်။
လူတစ်ယောက် ကိုတွေ့ချင် မြင်ချင်သည့်စိတ်ကို ချစ်ခြင်းမေတ္တာဟု အမည်တပ်နိုင်ပါသလား။ ကြည့်ပါ။
စကားလုံးများ ဖောင်းပွကုန်သည်။
14.0.06 (thur)

Monday, November 8, 2010
''မပြေစာ''
သွားလေသူရဲ့ အရိုးပြာလို
ဖွေးဖွေး လှုပ်ပြရတာလည်း
လောင်ကျွမ်းပြာကျပြီးမှ
သဘာဝအ၇
ကိုယ့်ဘက်က မစချင်ကြ
ဘာမှမရခင်က
ဘာမှမပေးချင်ကြ
လူကလွင့်လေ
အကုသိုလ်ပါရမီ ဓာတ်ခံအထုံကလေးလေ
ဝေခွဲသိစိတ် မသိခြင်း
မရှိခြင်း
မသိသလိုနေခြင်း
ထွက်ပြေးခြင်းများစွာမှ
လွန်မြောက်ရန်
တဖန်ထွက်ပြေးကြရပြန်
နေရာတစ်ခုကို
နေရာတကာ မှေ၇ှာင်ရပြန်
မလုံခြုံတဲ့ အရပ်မှာ အရာရာဟာ
အမြစ်တွယ်....
စိတ်က လျှံထွက်လာတဲ့
အကုသိုလ်လမ်းကလေးဟာလည်း
ကျရာအရပ်မှာ ရှည်လျားခဲ့
မိုင်ထောင်ချီ မှောင်မိုက်ပိတ်ပိန်းနေ၇ာ
အလင်းေ၇ာင်ကို ရနိုင်ရာရာမှ
ချိတ်ဆက်ထွန်းညှိခဲ့ချင်မိ။ ။
25.3.09 < wed >
9:30 ( P.M )
ဖွေးဖွေး လှုပ်ပြရတာလည်း
လောင်ကျွမ်းပြာကျပြီးမှ
သဘာဝအ၇
ကိုယ့်ဘက်က မစချင်ကြ
ဘာမှမရခင်က
ဘာမှမပေးချင်ကြ
လူကလွင့်လေ
အကုသိုလ်ပါရမီ ဓာတ်ခံအထုံကလေးလေ
ဝေခွဲသိစိတ် မသိခြင်း
မရှိခြင်း
မသိသလိုနေခြင်း
ထွက်ပြေးခြင်းများစွာမှ
လွန်မြောက်ရန်
တဖန်ထွက်ပြေးကြရပြန်
နေရာတစ်ခုကို
နေရာတကာ မှေ၇ှာင်ရပြန်
မလုံခြုံတဲ့ အရပ်မှာ အရာရာဟာ
အမြစ်တွယ်....
စိတ်က လျှံထွက်လာတဲ့
အကုသိုလ်လမ်းကလေးဟာလည်း
ကျရာအရပ်မှာ ရှည်လျားခဲ့
မိုင်ထောင်ချီ မှောင်မိုက်ပိတ်ပိန်းနေ၇ာ
အလင်းေ၇ာင်ကို ရနိုင်ရာရာမှ
ချိတ်ဆက်ထွန်းညှိခဲ့ချင်မိ။ ။
25.3.09 < wed >
9:30 ( P.M )
Tuesday, November 2, 2010
နှောင်ဆူး (ခ) ကိုယ့်အသားအရေနဲ့ကိုယ်
ရင်ထဲတိုးဝင် စိုင်ခဲလိုက်ကြ
နှလုံးသားကို
ကမ်းပါးတစ်ခုလို
အ၀တ်စုတ်လေးလို
မြင်နေသော်လည်း ကွယ်နေ
နောက်ထပ် “သတ် သတ်” ခံစားကြ
ဖြည်းဖြည်းနှင့် မှန်မှန် သာလာခဲ့သော်လည်း
(ဒီနေရာမှာ ဦးနှောက်ကို ဧရိယာချဲ့ရန်လိုသည်)
မျက်လုံးကိုဖွင့်ကြည့်
ပွတ်ကြည့်
ဟော......(ဓာတ်ပုံထဲဘောင်ခတ်သိမ်းထားတဲ့လူသား “၂”ယောက်မျက်လုံးတွေ)
သိပ်ချစ်ဖို့ကောင်းတာပေါ့
ဟုတ်တယ်....အဲ့မှာ
ကောင်းကင်ကြီး ညှို့မှိုင်းနေတုန်းအခါ
မျက်စိတဆုံး မိုးရေစက်များ...ဟာ
(အမှတ်တရဆိုတာကလည်း (တမင်) သိမ်းထားသည် မဟုတ်သော်လည်း
ထုတ်ချေဖျက်စီးရန် ခက်လှသည်။)
ရင်ထဲတိုးဝင်စိုင်ခဲသွားကြ
နှုတ်ခမ်းနီ
မာကျူရီမီးနဲ့ နာရီ
ရေခဲမုန့် နဲ့ ပလက်ဖောင်း
ဖြစ်ပုံ
အနီး/နားတွေ့တော့လည်း အားရှိဖွယ်ရာ
ဖိနပ်တွေကို ငုံ့ကြည့်တယ်
နောက်တော့
သွားမယ့်ခြေလှမ်းက ရွေ့လို့ကို မရတော့တာ
(အဲ့ဒါ မကြာသေးဘူး)
7.8.2007 (TUE)
1:45 P.M

Friday, October 29, 2010
“သူစိမ်း”
ဒီလိုနဲ့ပဲ
ရှိရင်းစွဲနေ့တွေရင်းခဲ့ရ
ဘယ်တော့များမှလဲနော်
ခင်ဗျားတွေးသလောက်တော့ တွေးဖူးတာပေါ့
ဒါနဲ့
ရှေ့ကိုနည်းနည်း ဆက်လျှောက်
အဲ့မှာဘေးဘီရှေ့နောက် သတိထား
တာလမ်းပေါ်ရောက်တာနဲ့
ခင်ဗျားဟာ ပြိုင်မြင်းတစ်ကောင်
ဒီမှာတော့ ရောက်ရာအရပ်ဟာ
စစ်မြေပြင်
သူတို့လောက်စိမ်းတာ သူတို့
ခင်ဗျားရပ်လိုက်တာနဲ့
အဲ့ဒါက ခင်ဗျားပန်းတိုင်
ရှေ့ကိုနည်းနည်း ဆက်လျှောက်ရင်
ရှေ့ကိုနည်းနည်း ပိုရောက်မယ်
ခင်ဗျား မမြင်လည်း ချောက်တွေကရှိတာပဲ
ခင်ဗျား ယုံကြည်မှု့က ခင်ဗျားကို ပြန်သတ်ပြီဆို
ခင်ဗျား အထိနာတာပဲ
ဆိုလိုတာက
ခင်ဗျားယုံကြည်မှု့ကို
ခင်ဗျားဥာဏ်ကွန့်မြူးနိုင်တာရဲ့
အပြင်ဘက်မှာ မထားမိစေနဲ့
အခု ခင်ဗျားနင်းထားတဲ့ မြေက
အဝေးကကြည့်ရင် နေချင့်စဖွယ်
ဟုတ်သလိုလို
အတွင်း ထဲထဲ ၀င်ဝင်ဆို
ယိုစိမ့်ပျက်စီးတာတွေထဲ
ခင်ဗျားလဲပါမသွားအောင်
သတိတော့ထား
ခင်ဗျားမမြင်လည်း ချောက်တွေကတော့ရှိတာပဲ။ ။
10/ 29/ 2010 (Fri)
1:09 (PM)

Monday, October 25, 2010
" အတွင်းသားခွဲထုတ်ခံထားရတဲ့ ပင်လယ်စီးသံ ''
" အတွင်းသားခွဲထုတ်ခံထားရတဲ့ ပင်လယ်စီးသံ ''
လမ်းဆုံးခွဲကြတော.
ပျော်ရွှင်မှုကေ၇ခဲနက်ပမာ
ဒါမှ မဟုတ်
မစစ် မှန်မှုပေါ်
စုံမက်တွယ်တာရန်
ငြင်းဆန်ခဲ့
ဒါမှမဟုတ်
နေေ၇ာင်ခြည်အလင်းတန်းလေးတွေကို
ဖမ်းလို့ ဆုပ်ကိုင်မိသလို
လျောကနဲ့ ပျောက်ပျက်သွားပုံ
ပိတောက်ကိုင်းဖျားက
ပိတောက်ပွင့်လေး
'မိုး' မထိလို့ ပွင့်အာမလာရှာ
ရင်ချင်းကပ် ဝေးကွာလာရာ
ရင်ငြိမ်းအောင်ရင်ပူကြ
ကျောက်တုံးတွေ အမြစ်တွယ်ပြီဆိုမှတော.
သွေးမတိတ်တာ အကြေင်းမဟုတ်
ပစ္စုပ္ပန်တည့်တည့်ကိုသာရှု့ကြည့်စဉ်
ရင်ဟောင်းလောင်းသာတွေ့မိ
မနက်ဖူးလေးေ၇
ဒီမှာ ကမ္ဘာမြေတစ်ခြမ်းကို
ထပ်ပြန်ကြော့လာလည်း
မူးလောက်စရာ
အသစ်မရှိ ။ ။
25.3.09 ( wed )
11:20 ( P.M )
လမ်းဆုံးခွဲကြတော.
ပျော်ရွှင်မှုကေ၇ခဲနက်ပမာ
ဒါမှ မဟုတ်
မစစ် မှန်မှုပေါ်
စုံမက်တွယ်တာရန်
ငြင်းဆန်ခဲ့
ဒါမှမဟုတ်
နေေ၇ာင်ခြည်အလင်းတန်းလေးတွေကို
ဖမ်းလို့ ဆုပ်ကိုင်မိသလို
လျောကနဲ့ ပျောက်ပျက်သွားပုံ
ပိတောက်ကိုင်းဖျားက
ပိတောက်ပွင့်လေး
'မိုး' မထိလို့ ပွင့်အာမလာရှာ
ရင်ချင်းကပ် ဝေးကွာလာရာ
ရင်ငြိမ်းအောင်ရင်ပူကြ
ကျောက်တုံးတွေ အမြစ်တွယ်ပြီဆိုမှတော.
သွေးမတိတ်တာ အကြေင်းမဟုတ်
ပစ္စုပ္ပန်တည့်တည့်ကိုသာရှု့ကြည့်စဉ်
ရင်ဟောင်းလောင်းသာတွေ့မိ
မနက်ဖူးလေးေ၇
ဒီမှာ ကမ္ဘာမြေတစ်ခြမ်းကို
ထပ်ပြန်ကြော့လာလည်း
မူးလောက်စရာ
အသစ်မရှိ ။ ။
25.3.09 ( wed )
11:20 ( P.M )
“ဗလာကိုယ်”
“ဗလာကိုယ်”
ဘာမှမရှိလို့
ဘာမှပါမလာနိုင်တာ
အဲ့ဒိ ဗလာကိုယ်ဟာ
ရောက်ချင်ရာရာရောက်ပြီး
ရောက်ရာအရပ်ကပျောက်ပျောက်သွားတာ ။ ။
9.1.2008 (wed)
8း00 PM
ဘာမှမရှိလို့
ဘာမှပါမလာနိုင်တာ
အဲ့ဒိ ဗလာကိုယ်ဟာ
ရောက်ချင်ရာရာရောက်ပြီး
ရောက်ရာအရပ်ကပျောက်ပျောက်သွားတာ ။ ။
9.1.2008 (wed)
8း00 PM
" ကျွန်တော့် မြက်တစ်ခင်း "
မည်သည့်ရာသီဥတုမှ သက်ေ၇ာက်လွှမ်းမိုးနိုင်ခြင်းမရှ
ိသော မြက်တစ်စင်းကျွန်တော့်တွင်ရှိသည်။
မြက်ခင်းကိုစတင်ပျိုးထောင်ချိန်မှ စ၍ယခုအချိန်ထိ ထိုမြက်ခင်းမှ
အကျိုးတစ်စုံတရာဖြစ်ထွန်းဖူးပွင့်လာခြင်း
မရှိခဲ့ဖူးပေ။ ထိုသို့ဖူးပွင့်လာရန် ရည်ရွယ်ချက်လည်း ကျွန်တော်
မထားခဲ့ပါ။မြက်ခင်းသည် မြက်ခင်း အတိဖြစ်
သည်။ကျွန်တော်သည် မြက်ခင်းမှ အဖူးအပွင့်များ ရှိလာရန်မမျှော်လင့်ခဲ့သလို
မြက်ရိုင်းတချို့နှင့် နွယ်ပင်များ
ပေါက်ေ၇ာက်ရှင်သန်လာမည်ကိုလည်း ခွင့်မပြုနိုင်ပါ။ထို့အတွက်ကြောင့်လည်း
ကျွန်တော် မြက်ခင်းကို အမြဲဂ
ရုတစိုက် ကြည့်ရှုစောင့်ရှောက်ရသည်။ကျွန်တော်သည်မြက်ခင်း၏ အေးမြစိမ်းလန်းစွာ
ရှင်သန်နေမှုသက်သက်
ကိုသာ နှစ်သက်မြတ်နိုင်းနေခြင်းဖြစ်သည်။တနည်းဆိုရသော် သူ့ရှင်သန်မှုကို
ကျွန်တော်မြင်တွေ့ခံစားနေရ
သည်ကပင် ကျွန်တော့်အတွက်လုံလောက်ဖူလုံလျက်ရှိပါသည်။ဆိုခဲ့သည့်အတိုင်း
ကျွန်တော်မြက်ခင်းအပေါ်
မည်သည့်ရာသီဥတုကမှ သက်ေ၇ာက်လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပါ။ထို့အတွက်ကြောင့်
ပြင်ပမှ အကြောင်းအမျိုးမျိုး
ကြောင့် မြက်ခင်းလေးတစ်စုံတစ်ရာ ဖြစ်သွားမည့်အရေးကို ကျွန်တော်မစိုးရိမ်ရသော်
ငြားလည်း ကျွန်တော်
တိုင်၏ အပူဟပ်ခြင်းခံရမည်ကိုမူ များစွာပူလျက်ရှိသည်။ထိုအပူကပင်
ကျွန်တော်စိုးရိမ်နေသော မီးတောက်ကို
ပျိုးနေသကဲ့သို့ ရှိသည်ဟုလည်း
ကြိမ်ဖန်များစွာကျွန်တော်တွေးမိတတ်သည်။ထို့ကြောင့်လည်း ကျွန်တော်
သည်တစ်ခါတစ်ရံ မြက်ခင်းလေးကို လျစ်လျူရှုထားရသည်။သို့မှသာ ကျွန်တော်မြက်ခင်း
အပေါ် ကျွန်တော့်နှစ်
သက်မြတ်နိုးမှုမပြင်းထန်လာမည်ဖြစ်ပြီး ထိုပြင်းထန်မှုမှ ဖြစ်လာနိုင်မည့် အပူဒဏ်မှ
ကျွန်တော့်ကို ကျွန်တော်
နှင့် မြက်ခင်းလေးကိုပါ ကာကွယ်နိုင်မည်ဖြစ်သည်။အခုချိန် တွင်မြက်ခင်းလေးသည်
စိမ်းလန်းစိုပြေစွာ ရှင်သန်
လျက်ရှိနေသေးသည်။
6.7.2007 ( thu )
11:25 P.M

ပြေစာ ( ၂ )
အပူမှာ အငွေ့တွေပါသလား
အငွေ့မှာ အပူတွေပါသလား
ငါ့ စိတ်ကို ခပ်ပျစ်ပျစ် ဖျော်စပ်
မျက်နှာမှာ ဇောချွေးတွေပြန်တယ်
မီးအိမ်ကိုကိုင်ပြီး
လမ်းရှာကြရာ
မီးအိမ်လို အလင်းပေးရမယ်လို့
ငါကျူးမိတဲ့စိတ်က
ငါ့ကိုငါ လောင်ကျွမ်း
ဘ၀ထဲ အပင်များများ စိုက်တော့
ရေ များများလောင်းရ
များများပေါင်းတင်ရ
တော်ရုံသာပြောကြစမ်းပါဟာ
အခု အေ၇ခွံ လဲလိုက်ချင်ပြီ
သွေးအသစ် သွန်လဲချင်ပြီ
သန့်စင်တဲ့ စိတ်ကလေးကိုဖြင့်
သာယာ ငြိမ်းချမ်း၇ာ အရပ်မှာ
လွှတ်ကျောင်း ချင်စမ်းပါ၇ဲ့............
လူပြီးရင် အယုတ်မာဆုံးက
လူပဲ
သင်္ခန်းစားကောင်းကောင်း သင်ယူချင်ရင်
လေ့ကျင့်ခန်း များများလုပ်
အိုဟောင်းတဲ့လမ်းပေမဲ့
ဆူးညှောင့် တွေတုံးပ မသွားဘူး
လောကမှာ လမ်းတွေများတယ်
ချောက်တွေများတယ်
အဲတော.
ဦးနှောက်ကို အသုံးချရမှုတွေများတယ်
ကိုယ့်အပြစ်ကို ရှုတတ်ဖို့
တပါးသူ အပြစ်ကို နားလည်ခွင့်လွှတ်ပေးတတ်ဖို့
ဘယ်အ၇ိပ်မှ ခိုမနေရပါဘဲ
ကိုယ့်အရိပ်နဲ့ကိုယ် လုံခြုံနွေးထွေးနိုင်ဖို့
မေတ္တာဓာတ်ကိုတိုင်းတာရန်
စိတ်ဓာတ်ကို အစွဲမကျွတ်သေး
စကားလုံးအောက်က အခု/ခံ များ
အခု/ခံ များ အောက်က ချုပ်ရိုးစများ
ချုပ်ရိုးစများအောက်က သွေးတစပ်စပ် ဒဏ်ရာများ
ဒဏ်ရာ၏ အတွင်းသားများအောက်မှ စကားလုံးများ
ဒီလမ်းက ဆက်သွားသော်
သေလမ်းသာကျန်တော.သည် ။ ။
12.3.2008 ( wed )
11:50 ( P.M )

Subscribe to:
Posts (Atom)