ဘာတွေလဲ
ဘာတွေပါဟု ပုံဖော်ရန် ဆီလျော်သော အဓိပ္ပါယ်တစ်ခုဆောင်သည့် စကားလုံး တစ်ချို့ကို ရွေးချယ်ရင်းပင်
ပယ်ချ နေရ ပြန်သည်။ စကားလုံးများက ဧရိယာနက်ရှိုင်းကျယ်ပြန့်လွန်းသည်။ ကြားနာသူ၏ သာသာစကား
ကိုလည်း တတ်ကျွမ်းရန်လိုအပ်၍ နေသည်။ မနက်ခင်းသည်မှောင်မိုက်သွားသည်။ အကျည်းတန်သွားသော
မနက်ခင်းအတွက်အလင်းပြန်ရှာပေးရန် မိတ်ဆွေများဟု သူတို့ကိုယ်သူတို့ ထင်နေဟန် ပိုင်ပိုင်နိုင်နိုင်( ပိုင်စိုးပိုင်နင်း)
ရှိလွန်းသည်။ မနက်ခင်းတွင် အလင်းလိုအပ်သည်ဟု သူတို့ထင်နေသလား မပြောတတ်။ သို့မဟုတ် ပါကလည်း
အခြားရည်ရွယ်ချက်တစ်ခု ကြောင့်ရှာနေသည်လည်းဖြစ်နိုင်သည်။ သိုမဟုတ်ပါကလည်း မနက်ခင်းတွင် အလင်း
ရှိရမည်မှာ လောက အမှန်တရားတစ်ခု ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများသကဲ့သို့ မဖြစ်နိုင်ချေလည်း များသည်။ မသေချာ
ဘာတွေလဲ... ဘာတွေလဲဆိုသော အမေးကို ရှောင်ရပြန်သည်။ ဘာတွေမှန်းမသိဘူးဟု ဖြစ်နိုင်လျှင် အလွန်ပေါ့ပါး
သွားနိုင်သည်။ ဘာတွေ မှန်းမသိဘူးဟု မျက်နှာ တွင် အပြုံးတစ်ခု တက်လာတော့ အနီးဆုံး လူက “ဘာလို့ ပြုံးတာလဲ“
တဲ့ “သွားပြီ၏“ ဟုတ် အဓိပ္ပါယ်ဆောင်သည့် အကြည့်တစ်ခု သူထံပို့ဖြစ်သည်။ “သစ်ပင်တွေပဲကောင်းတယ်“ ဆိုသော
ကဗျာစာသားကို အသေအချ သဘောပေါက်သွားရသည်။
ညနေက သူငယ်ချင်း တစ်ယောက်နဲ့ အတူရှိနေသည်။ သူနှင့်အတူရှိနေခြင်းသည် အရေးမကြီး။ အရေးကြီးသော
အပိုင်းကိုပြောရန်အစ ပျိုးရခြင်းဖြစ်သည်။ တစ်ခါ တစ်ရံ အစဉ်အလာ များနှင် ကြောင်းကျိုးညီညွတ်ပြရသည်မှာ ကိုယ့်စိတ်ကို
တော်တော်ရှည်ရှည် ဆွဲဆန့် ထားရသည်။ အရေးကြီးသည်က အနီးဆုံး ဧရိယာသို့ ရောက်နေခြင်းပင်ဖြစ်သည်။ သို့ရာတွင်
အခုတော့ အရေးမကြီးတော့ ။ အရာတိုင်းအချိန်တိုင်းအတွက် အရေးကြီးနေပါက ဘာများဖြစ်လာနိုင်သနည်း။
“ငါသူ့ကို တွေ့ချင်လိုက်တာ“ သူငယ်ချင်းကို ပြောမိတော့ သူက “နင့်သူ့ကို လွမ်းနေတာလား“ တဲ့
သူ့အမေးကို ဖြေရန် နားထဲတွင် သူ့အသံကို ပဲ့တင်ထပ်ကြည့်ရသည်။
လွမ်းနေတာလား...... လွမ်းနေတာလား ... လွမ်းနေတာလား
“အင်း အဲ့လိုပြောလည်းရတယ် နည်းနည်းတော့ လွန်မှာပေါ့“ ဟုပြောတော့ သူက အောင်နိုင်သူ တစ်ယောက်၏ အပြုံးကို
သူ့မျက်နှာပေါ်တင်ပြီး
“ငါပြောသားပဲ နင်သူ့ကို မသိစိတ်ထဲက ချစ်နေပြီလို့ နင်မှ လက်မခဲ့ဘဲ“ ကာယကံ ရှင်ထက်သေချာနေသော
သူငယ်ချင်း ကို အားနာနာဖြင့်ပင် “ သွားပြီ“ ဟူသော အဓိပ္ပါယ်ဆောင်သည့် အကြည့်တစ်ခု သူထံပို့ဖြစ်ပြန်သည်။
လူတစ်ယောက် ကိုတွေ့ချင် မြင်ချင်သည့်စိတ်ကို ချစ်ခြင်းမေတ္တာဟု အမည်တပ်နိုင်ပါသလား။ ကြည့်ပါ။
စကားလုံးများ ဖောင်းပွကုန်သည်။
14.0.06 (thur)
“လူတစ်ယောက် ကိုတွေ့ချင် မြင်ချင်သည့်စိတ်ကို ချစ်ခြင်းမေတ္တာဟု အမည်တပ်နိုင်ပါသလား”
ReplyDeleteစာရေးသူ မေးထားတာလေးက နူးညံ့လွန်းသည်။ ချစ်ခြင်းမေတ္တာဟုဆိုထား
တာလေးကို သဘောကျမိသည်။ ဟုတ်ပါသည်။ အမည်တတ်နိုင်ပါသည်
စာရေးသူ။ ပိုင်ဆိုင်လိုစိတ်မကင်းတဲ့ ချစ်ခြင်း မဟုတ်ခဲ့ရင်တောင် ဖြူစင်မှု
မေတ္တာအေးအေးလေးတွေနဲ့ လူတစ်ယောက် ကိုတွေ့ ချင်မြင်ချင်စိတ် ဖြစ်တတ်ပါသည်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်...:)
မြင်ချင်တာ ချစ်ခြင်းမဟုတ်နိုင်ဘူး မိုးသံစဉ်။
ReplyDeleteချင် ခြင်းတမျိုး(သို့ )အာသီဿ သာဖြစ်လိမ့်မယ်ထင်ထင်။
သံစဉ်လှလှ ပုလဲမိုးလေးတွေ လောက စိုပြေဖို့ 
ကြွကြွရွရွ ရွာချနိုင်ပါစေ။
မဖြေနိုင်တဲ့ မေးခွန်းကို မေးထားတာမို့ ဒီစာမေးပွဲ အကျခံလိုက်ပြီ
ReplyDelete(လူတစ်ယောက် ကိုတွေ့ချင် မြင်ချင်သည့်စိတ်ကို ချစ်ခြင်းမေတ္တာဟု အမည်တပ်နိုင်ပါသလား။ )
:)