အခုစကားလာမပြောနဲ
ရင်ထဲမှာကြမ်းနေတယ်
လူမမြင်ဖူးတာတွေ
ကျွန်တော့်ဒေါသထွက်နေလို့
တဆိတ်ခပ်ဝေးဝေးနေပေးပါ
ဒီမှာဘာမှမရှိဘူး
အခုမှအစဆိုတော့
ဟိုကလည်းစရ ဒီကလည်းစရ
ကျွန်တော်လည်း ခပ်မြန်မြန်ရွေ့ချင်တာပေါ့
ဒီနားသောင်တင်နေတာ
အဲ့ဒါမျောနေတာလို့ ပြောသူကပြောလို့
ဘာဖြစ်ဖြစ်
ဒါ
စကားလုံးမတွေ့လို့ မပြီးမြောက်သေးတဲ့
ကဗျာလို့များ
ကျွန်တော်ပြောခဲ့ဖူးသလား
ကျိုးကြေနေတဲ့ဘဝတွေကလာတာပါဗျာ
ကြီးကြီးကျယ်ကျယ်တွေနဲ့ လူအထင်ကြီးအောင်
ရွံလို့အော့နေပါပြီ
ကိုယ့်အသံကိုယ်ပြန်ကြားရင်
လျှာကိုကိုက်ဖြတ်ပစ်ချင်တယ်
သဘောပြောပါတယ်
ဒီကဗျာမဆုံးသရွေ့
ခင်ဗျားလည်း
ဟိုရောက် ဒီရောက်ပဲ
လဲနေသူထူပေးပါ
ထူပြီးရင်တော့
ခြေထောက်တွေရိုက်ချိုးမထားခဲ့နဲ့ပေါ့
ကောက်ရိုးပုံသာမရှိတယ်
ဒီနားမှာခွေးလေခွေးလွင့်တော့
တော်တော်များ
ခင်ဗျားလဲကြည့်ကြတ်သွား
ပြောခဲ့ပါပြီကော
ဒေါသထွက်နေပါတယ်လို့
ဆက်ရေးရင်
ခင်ဗျားအားလုံးမြင်သွားမယ်
ကျွန်တော်ကလူလည်ဆိုတော့ကာ
ကိုယ့်ဒေါသတော့အပြင်သိပ်မထုတ်ချင်လှဘူးဗျ
ဒီလိုဆို
အောင့်အီးပြီး
ဒီကဗျာကို ဒီမှာပဲဆုံးမယ်
ကျေးဇူးပါဗျာ ။ ။
Dec 3.2010 ( fri )
10:35 pm
တော်သေးတယ်
ReplyDeleteဒေါသမထွက်ပဲ အောင့်အီးပြီး လာဖတ်မိတာ:D
လဲနေသူထူပေးပြီး ခြေထောက်ရိုက်မချိုးနဲ့
ReplyDeleteကြိုက်တယ်
ကျေးဇူးပါ 😬
ReplyDelete