Monday, October 25, 2010

ပြေစာ ( ၂ )

အပူမှာ အငွေ့တွေပါသလား
အငွေ့မှာ အပူတွေပါသလား
ငါ့ စိတ်ကို ခပ်ပျစ်ပျစ် ဖျော်စပ်
မျက်နှာမှာ ဇောချွေးတွေပြန်တယ်
မီးအိမ်ကိုကိုင်ပြီး
လမ်းရှာကြရာ
မီးအိမ်လို အလင်းပေးရမယ်လို့
ငါကျူးမိတဲ့စိတ်က
ငါ့ကိုငါ လောင်ကျွမ်း
ဘ၀ထဲ အပင်များများ စိုက်တော့
ရေ များများလောင်းရ
များများပေါင်းတင်ရ
တော်ရုံသာပြောကြစမ်းပါဟာ
အခု အေ၇ခွံ လဲလိုက်ချင်ပြီ
သွေးအသစ် သွန်လဲချင်ပြီ
သန့်စင်တဲ့ စိတ်ကလေးကိုဖြင့်
သာယာ ငြိမ်းချမ်း၇ာ အရပ်မှာ
လွှတ်ကျောင်း ချင်စမ်းပါ၇ဲ့............
လူပြီးရင် အယုတ်မာဆုံးက
လူပဲ
သင်္ခန်းစားကောင်းကောင်း သင်ယူချင်ရင်
လေ့ကျင့်ခန်း များများလုပ်
အိုဟောင်းတဲ့လမ်းပေမဲ့
ဆူးညှောင့် တွေတုံးပ မသွားဘူး
လောကမှာ လမ်းတွေများတယ်
ချောက်တွေများတယ်
အဲတော.
ဦးနှောက်ကို အသုံးချရမှုတွေများတယ်
ကိုယ့်အပြစ်ကို ရှုတတ်ဖို့
တပါးသူ အပြစ်ကို နားလည်ခွင့်လွှတ်ပေးတတ်ဖို့
ဘယ်အ၇ိပ်မှ ခိုမနေရပါဘဲ
ကိုယ့်အရိပ်နဲ့ကိုယ် လုံခြုံနွေးထွေးနိုင်ဖို့
မေတ္တာဓာတ်ကိုတိုင်းတာရန်
စိတ်ဓာတ်ကို အစွဲမကျွတ်သေး
စကားလုံးအောက်က အခု/ခံ များ
အခု/ခံ များ အောက်က ချုပ်ရိုးစများ
ချုပ်ရိုးစများအောက်က သွေးတစပ်စပ် ဒဏ်ရာများ
ဒဏ်ရာ၏ အတွင်းသားများအောက်မှ စကားလုံးများ
ဒီလမ်းက ဆက်သွားသော်
သေလမ်းသာကျန်တော.သည် ။ ။

12.3.2008 ( wed )
11:50 ( P.M )

No comments:

Post a Comment