Wednesday, January 11, 2017

အရိပ်

"အရိပ်"
ဖြစ်နိုင်ရင် လူတိုင်းကို စိတ်ချမ်းသာစေချင်မိ
ဒါပေမယ့် လို့
နာကျင်မှု့တွေသာ မရှိခဲ့ပြန်ရင်
သစ်ရွက်ဖူးလေးတွေလည်း ဘယ်တော့မှကြီးရင့်တော့မှာမဟုတ်

ငါဟာ နေရောင်ထိုးထားတဲ့ အိမ်ရှေ့က မယ်ဇလီပင်လို
အပြည့်အဝ အရိပ်ပေးလိုသော်လည်းလေ
တချို့ နေရာလေးတွေမှာတော့
နေပျောက်အကွက်အလပ် လေးတွေရှိပေမပေါ့

တခုခုလိုအပ်နေမှု့ရဲ့အရေးကြီးပုံကို
တခုခုလိုအပ်နေသူတွေသာ နားလည်နိုင်သလို
ထီးကိုင်ထားတဲ့လက်ဟာ အပူဆုံးဆိုတာကို
အရိပ်ကျတဲ့ဘက်ကသူတွေ
နားမလည်နိုင်တာကို ငါ နားလည်တယ်

အခုချိန် တစုံတရာ ဆန္ဒပြုပါဆို
ကြုံရဆုံရ ဒီအခိုက်အတန့်လေးမှာ
ဒီအရိပ်အောက် ရောက်လာသူတိုင်း
ခေတ္တခဏလေးဖြစ်ဖြစ်
ငြိမ်းချမ်းစေချင်မိ ။   ။

— မိုးသံစဉ် —
Jan 2, 2017
10:52 am