Wednesday, January 11, 2017

စိတ်ခေါ်စာ

"စိတ်ခေါ်စာ"

မဆုံဖြစ်ကြတဲ့ အကြည့်တချက်စီတိုင်း မှာ
မင်းမမြင်လိုက်ရတဲ့ငါ့စိတ် အစိုင်အခဲ

ဖုန်းတွေမှာတင်ကြိုးမဲ့လာတာမဟုတ်
ငါတို့ အလွမ်းတွေသီဖို့ ကြိုးမဲ့နေတယ်

မင်းနဲ့ငါကြား ဆက်ဆံရေးဟာ အာရုံငါးပါးလုံး
ဆက်သွယ်မှု့ ဧရိယာပြင်ပရောက်လို့နေလည်း

မင်းဆီပို့လွှတ်လိုက်တဲ့ ငါ့မေတ္တာလှိုင်းဟာ
လေထဲမှာတင် ပျောက်သွားတာမဟုတ်ဘူး လို့
ငါယုံတယ်။   ။

— မိုးသံစဉ် —

ဒီဇင်ဘာ ၁၅၊၂၀၁၆
12:25pm