"အကျက်ဓါတ်"
အမှုန်အမွှားလေးက အစ
တစစီ အစရှာကြည့်တဲ့အခါ
အကြောင်းနဲ့အကျိုး ပဲတွေ့တယ်
ကျောချင်းကပ်ထားရုံနဲ့
အကြားအလပ်မရှိငါတို့ မလုံခြုံကြ
ကမ်းစပ်ကကျောက်ဆောင်ကျောက်ခဲတွေလို
လှိုင်းတချက်အပုတ်စီတိုင်း
ဘယ်သူမှ မမြင်ပေမဲ့
တစိမ့်စိမ့်ပဲ့ပါ သွားရသလို
တခါတလေတွေးတယ်
ပျော်ရွှင်မှုဟာ တခါတခါ ဒီလောက်တောင်ပဲ
တန်ကြေးကြီးသလားလို့
— မိုးသံစဉ် —
February 5, 2017
5:21 pm
အမှုန်အမွှားလေးက အစ
တစစီ အစရှာကြည့်တဲ့အခါ
အကြောင်းနဲ့အကျိုး ပဲတွေ့တယ်
ကျောချင်းကပ်ထားရုံနဲ့
အကြားအလပ်မရှိငါတို့ မလုံခြုံကြ
ကမ်းစပ်ကကျောက်ဆောင်ကျောက်ခဲတွေလို
လှိုင်းတချက်အပုတ်စီတိုင်း
ဘယ်သူမှ မမြင်ပေမဲ့
တစိမ့်စိမ့်ပဲ့ပါ သွားရသလို
တခါတလေတွေးတယ်
ပျော်ရွှင်မှုဟာ တခါတခါ ဒီလောက်တောင်ပဲ
တန်ကြေးကြီးသလားလို့
— မိုးသံစဉ် —
February 5, 2017
5:21 pm