ရင်ထဲတိုးဝင် စိုင်ခဲလိုက်ကြ
နှလုံးသားကို
ကမ်းပါးတစ်ခုလို
အ၀တ်စုတ်လေးလို
မြင်နေသော်လည်း ကွယ်နေ
နောက်ထပ် “သတ် သတ်” ခံစားကြ
ဖြည်းဖြည်းနှင့် မှန်မှန် သာလာခဲ့သော်လည်း
(ဒီနေရာမှာ ဦးနှောက်ကို ဧရိယာချဲ့ရန်လိုသည်)
မျက်လုံးကိုဖွင့်ကြည့်
ပွတ်ကြည့်
ဟော......(ဓာတ်ပုံထဲဘောင်ခတ်သိမ်းထားတဲ့လူသား “၂”ယောက်မျက်လုံးတွေ)
သိပ်ချစ်ဖို့ကောင်းတာပေါ့
ဟုတ်တယ်....အဲ့မှာ
ကောင်းကင်ကြီး ညှို့မှိုင်းနေတုန်းအခါ
မျက်စိတဆုံး မိုးရေစက်များ...ဟာ
(အမှတ်တရဆိုတာကလည်း (တမင်) သိမ်းထားသည် မဟုတ်သော်လည်း
ထုတ်ချေဖျက်စီးရန် ခက်လှသည်။)
ရင်ထဲတိုးဝင်စိုင်ခဲသွားကြ
နှုတ်ခမ်းနီ
မာကျူရီမီးနဲ့ နာရီ
ရေခဲမုန့် နဲ့ ပလက်ဖောင်း
ဖြစ်ပုံ
အနီး/နားတွေ့တော့လည်း အားရှိဖွယ်ရာ
ဖိနပ်တွေကို ငုံ့ကြည့်တယ်
နောက်တော့
သွားမယ့်ခြေလှမ်းက ရွေ့လို့ကို မရတော့တာ
(အဲ့ဒါ မကြာသေးဘူး)
7.8.2007 (TUE)
1:45 P.M
2007 တုန်းကကဗျာတစ်ပုဒ်ပါ။
ReplyDeleteကဗျာလာဖတ်တယ် မိုးသံစဉ်။
ReplyDeleteဟုတ် သဘောမတွေ.တာလေးတွေပြောပါနော်
ReplyDelete